My Blog List

Thursday, May 10, 2012

ဓါတ်ပုံများ

best of luck

ဂေါက်တောက်ကဗျာ(ဘ၀)

မျက်တွင်းကချောက်နက်.............

အတွေးကချောက်ကပ်.................

အိပ်ထဲမှာငါးကျပ်.................

အဆွေးတွေကနေ့ဆက်...............
တဖြုတ်ဖြုတ်ကြွေနေတဲ့နေ့ ရက်............

လကုန်ခါနီးတရက်နစ်ရက်...............

ပိုက်ဆံပြတ်တာနေရခက်.............

နိင်ငံခြားမှာနေရဖို့အတွက်..............

PRESSURE တွေနဲ့နဘမ်းသတ်.....

စိတ်ထဲမှားသုံးသပ်..................

ဒါဟာဘ၀အတွက်.....(ဘ၀ကဗျာ)..:)

Saturday, August 7, 2010

SIMPLE ENGLISH

Now I am going to describe “short sentences and American Idioms”. And I will try to write into English in these posts. I am not sure whether all the posts which were written are right or wrong by the “Grammar Rules”. The only thing I want to do is “I just want to create my own website”. And I don’t know how to write about software, computer knowledge, love story, etc. English Language is a little familiar to me. And I have no body friend to practice English with me. That’s why; it is only practicing by I myself. If you see several mistakes in my posts, don’t look down on my English teachers. It is only entirely my fault.
o.k lets go to the lessons

USEFUL SHORT SENTENCES


Will you…? (I will…) (I won’t…) (do it now)
Can you…? (I can…) (I can’t)
Do you want to…? (I want to…) (I don’t want to…)


1. Soak it in hot water.
2. Wrap it
3. Let’s decide it by tossing coin
4. Let’ make a deal
5. Stir it.(with the spoon)

All right, that’s all today.

ထက်ထက်မိုးဦး ယာဉ်တိုက်မှုဖြစ်

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် လွန်ခဲ့သည့် ဇူလိုင်လ ၃၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

htet-htet-moe-oo-natural“ကမ္ဘာအေး လမ်းမကြီးပေါ် အမှတ် (၂) နယ်မြေ ယာဉ်ထိန်းရဲ စခန်းနားလေးမှာ အတိုက်ခံရတာပါ၊ နို့ဆီသယ်တဲ့ ကားက ဟိုဘက် ယာဉ်ကြော ကနေ ဒီဘက် ယာဉ်ကြော အထိ လာတိုက်တာ၊ ဗင်ကားကို အရင်တိုက်ပြီး အဲဒီကား ၂ စီးလုံးက ထက်ထက်တို့ ကားကို လာတိုက်တာ အဲဒီနေ့ ညနေ ၇ နာရီလောက် တိုက်မိတာ"ဟု ထက်ထက်မိုးဦးက ဧရာဝတီသို့ ပြောသည်။

ကားကို ထက်ထက်မိုးဦး၏ အမျိုးသား ဇူးမြတ်ထက်က မောင်းနှင်ခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် ၄င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရသည်။

“ဖြစ်ဖြစ်ခြင်း ဆေးရုံကြီး အရေးပေါ် ဌာနကိုတော့ သွားရသေးတယ်၊ ဘာမှတော့ သိပ်မဖြစ်ပါဘူး၊ ထက်ထက် လက်ကတော့ နည်းနည်း နာသွားတယ်၊ ဓာတ်မှန် ရိုက်ကြည့် လိုက်တော့ မကျိုးတော့ မကျိုးဘူးဆိုတာ သိရတယ်၊ ဆေးရုံတင်ထား ရတယ်ဆိုတာ မဟုတ်ပါဘူး၊ ၂ ယောက်လုံး အပြင်မှာ ရှိနေကြပါတယ်၊ စတိုက်တဲ့ ကားကိုတော့ သိမ်းထားတယ်၊ ပိုင်ရှင်က တရုတ်တန်းကတဲ့၊ ထက်ထက်တို့ ကားအတွက် ဘာမှလည်း လျော်ကြေး မပေးဘူး၊ လူမှုရေးအရ မေးမြန်း တာလည်း မရှိဘူး၊ ထက်ထက် တို့လည်း ဘာမှ မပြောချင်တော့ဘူး၊ လူကြီးတွေနဲ့သာ ပြေလည်အောင် ညှိပေါ့"ဟု ထက်ထက်မိုးဦးက ပြောသည်။

ထိုယာဉ်တိုက်မှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျ ရဲမေတဦးက ယင်းကိစ္စကို မိမိတို့ မသိပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ထက်ထက်မိုးဦးသည် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲတခုအတွင်း အင်တာဗျူး ကိစ္စနှင့် ပတ်သက်ပြီး 7 Day ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံး တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
http://www.irrawaddymedia.com/bur/index.php/news/1-news/3666-2010-0...

Friday, August 6, 2010

Flash Slideshow Maker Professional 4.90


ကဲမိတ်ဆွေတို့ ရဲ့ပုံလေးတွေကို Flash ဆလိုက်ရှိုးလေးတွေလုပ်ပြီး
ကြည့်ကြရအောင်

Flash Slideshow Maker is a Flash album creator
to make animated photo slide show with SWF file
as the output format






download hotfile

ကမ္ဘာ့အမွေအနှစ် ဆူခိုထိုင်းနယ်မြေသို့




















လွန်ခဲ့သောနှစ်ပေါင်း ၇၀၀ ကျော်က ထိုင်းနိုင်ငံမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ဘုရင့်နိုင်ငံတော်ခေတ်တစ်ခေတ်ပေါ့ ။ မြန်မာနိုင်ငံက ပုဂံမြေလိုပဲ ဆုခိုထိုင်းခေတ် ဆူခိုထိုင်းနယ်မြေဆိုပြီး ကျော်ကြားခဲ့တဲ့ နေရာလေးပါ။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ခေတ်တစ်ခေတ် ဖြစ်ခဲ့တဲ့ ဆူခိုထိုင်းကို သွားချင်တယ်ဆိုရင် ထိုင်းနိုင်ငံအလယ်ပိုင်း ဘန်ကောက်မြို့မှ မြောက်ဘက် ၂၆၅ မိုင်ခန့်
ကွာဝေးသောနေရာမှ တည်ရှိပါတယ်။
ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု့ နယ်မြေသို့ ၀င်ကြေးမှာ ဘတ် တစ်ရာဖြစ်ပြီး ဘုရားစေတီများ ၊ လက်ရာ ပြောင်မြောက်သော သပ္ပာယ်ကြည်ညိုဖွယ် ကောင်းလှသည့် ရုပ်ပွားတော်များ ကိုဖူးမျှော်နိုင်ပါတယ်။ တန်ဆောင်းများမှာ အမိုးလုံးဝမရှိဘဲ ဂ၀ံတိုင် များဖြင့် ထိုးထိုးထောင်ထောင် ကျန်ရစ်ခဲ့တော့သည်။
ပုံလေးတွေနဲ့ သူငယ်ချင်းတို့ကို လည်လည်လိုက်ပို့ပေးမယ်ဝေ :P
ဆူခိုထိုင်းခေတ်တွင် အကြီးကျယ်ဆုံး အကျော်ကြားဆုံးဘုရင် ရမ်ခမ်ဟန်း ရုပ်ထု
ဆူခိုထိုင်းရဲ့ နေ၀င်ရီတရော အလှပလေးတွေ ခံစားနိုင်ဖို့ပါဝေ

Thursday, August 5, 2010

စိတ်ဖြေရာ

သူမ
သူမ လက်ဖ၀ါးကို
နှလုံးသား အလိုအတိုင်း
နူးညံ့မှု ရသမြောက်ချင်ပေမယ့်
စိတ်ဆန္ဒတွေက
သူ့ အပြုံးတစ်ချို့ကို ကြည့်လိုက်မိတဲ့အခါ
အလိုလိုနေရင်း ကျွန်တော့်လက်တစ်စုံ
လေထဲမှာ ရပ်တန့်သွားခဲ့တယ်…။

Hello

ကြေညာချက်

ဒါဟာ စမ်းသပ်ဆဲ ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဘာမှမသိသေးပါဘူး။ ဘာမှလုပ်စရာမရှိလို့ လျှောက်လုပ်နေတာဖြစ်ပါတယ်...

Wednesday, August 4, 2010

၇ ရက် သားသမီးများအတွက် ယတြာကောင်းများ

“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို ပူစပ်ပူလောင်ဖြစ်လတ္တံ့ ။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသားအိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျ ခံနေရသော တနင်္ဂနွေနံ နာမည်ရှိ အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့ ။ နံတူအကျိုးပေးလုပ်ငန်းများကို ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း ၊ အုတ်ဂူဆောက်ခြင်းတို့ကို အင်တာပရိုက်စ်တည်ထောင် လုပ်ကိုင်သင့်သည် ။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့် ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည် ။ အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့် အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည် ။ ယတြာချေလိုသူများအနေဖြင့် အသုဘတစ်ခုသို့ သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ ။   “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း ၊ ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည် ။ ခြေထောက် ၊ ခါး ၊ ခေါင်းစသည့် တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည် ။ ကိုယ်ပိုင်အရည်အချင်းဖြင့် ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့် ။ ချစ်သူနှင့် ချိန်းတွေ့စဉ် ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ ။ ချက်တင်း (Chatting) ဝင်သူများ ချူစားခံရလတ္တံ့ ။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း ၊ စာမေးပွဲကို ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့် ။ ဂေါ်လီရိုက်ခြင်း ၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း ၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်း သော လုပ်ငန်းများအဖြစ် မြင်နေရသည် ။ အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်) ကဲ့သို့သော ကန်ဘောင်တစ်ခုသို့ အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု သက်စေ့ကြွေးကြော်ပါ ။